လောက တရားအမှန်တို့ကို အရှိအမှန်အတိုင်းဟောကြားတော်မူသော သုံးလောက ထွတ်ထား မတ်ဗုဒ္ဓဘုရားရှင်၏ ဆိုဆုံး မ တို့သည် လောကတည်သ၍ တည်နေသည်မှာ ဧကန်အမှန်ဖြစ်သည်..။ ဤသည်ကား သစ္စတရားဖြစ်သည်..။ကံနှင့်ကံ၏ အကျိုးပေ့း တို့ဧကန် ရှိနေခြင်းကို အရှင်မြတ်သည် ပြတ်သားစွာ ဟောကြားတော်မူခဲ့သည်..။သတ္တဝါ တစ်ဦးဦးတို့သည် မိမိတို့ပြုသောကံသုံး ပါးအတွက် ထပ်တူ ကျသော အကျိုးအပြစ်တို့သည် ပြုလိုက်သည်နှင့်ကပ်လျက်တွင် အဆင်သင့်ရှိနေမည် ဖြစ်သည်..။ကံ သုံးပါးအမှုကို ထိုသတ္တဝါသည် သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ မသိချင်ယောင်ဆောင်၍ ပြုလိုက်မိပါက ထိုအမှုအတွက်အကျိုးအပြစ်တို့သည် လိုချင်သည် ဖြစ်စေ မလိုချင်သည်ဖြစ်စေ ဧကန်လက်ခံရမည်သာဖြစ်သည်..။ ထို့ပြင် သတ္တဝါတို့၏ ဒုက္ခအမှန်ကိုလည်းကောင်း၊ ဒုက္ခဖြစ်ရခြင်း၏ အကြောင်းရင်းမှန်ကိုလည်းကောင်း၊ ဒုက္ခအပေါင်းကင်းဝေးရာကိုလည်းကောင်း၊ ဒုက္ခကင်းဝေးကြောင်းအမှန်လမ်းကိုလည်းကောင်း ညွှန်ပြတော်မူသော ဗုဒ္ဓ၏အဆုံးအမတို့သည် ပမာနှိုင်းစရာမရှိ ကောင်းကျိုးတို့ဖြစ်နေစေသည်မှာ အမှန်ပင်ဖြစ်ပါတော့သည်..။
Read More on www.angalkaung.com
Read More on www.angalkaung.com
0 မှတ်ချက်များ:
Post a Comment