မြန်မာ


သူများတွေက “bloger..bloger” လို့ပြောသံကြားနေတော့ စာရေးသူလည်း ကိုယ်ပိုင် blog တစ်ခု ပိုင်ဆိုင်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ blog နဲ့ပတ်သက်လို့ ဘာမှမသိ၊ ဘာမှမတတ်ပါဘူး။ စာရေးသူမသိ မတတ်တဲ့ နည်းပညာအခက်အခဲကို သူငယ်ချင်း angalkaung ရဲ့ကူညီမှုနဲ့ ဒီ blog ဖြစ်ပေါ်လာပါတယ်။ 

ဘလော့ရဲ့အမည်ကိုတော့ ကိုယ်ပိုင်တစ်သီးပုဂ္ဂလအမည် မသုံးစွဲဘဲ “မဟာသိမ်တော် ကျောင်းတိုက်” လို့ စာသင်တိုက်ရဲ့အမည်ကို သုံးစွဲလိုက်ပါတယ်။ ဒါကလည်း မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဘလော့ဖန်တီးပေးသူလည်း ပိုမိုအကျိုးများ၊ ပရိယတ္တိသာသနာအတွက် တစ်ဖက်တစ်လမ်းက ကျားကန်ပေးနေတဲ့ မိခင်စာသင်တိုက်ရဲ့ ပုံရိပ်တစ်စိတ်တစ်ဒေသနဲ့ အနာဂတ်စီမံကိန်းတွေကိုလည်း သူတော်ကောင်းများ သိမြင် ကြားသိ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ဖို့ပါ။ အထူးသဖြင့်တော့ စာရေးသူဘ၀ လေ့လာမှတ်သားခဲ့သမျှ မြတ်ဗုဒ္ဓရဲ့ဒေသနာတော်တွေကို အများသူငှါထံ ဒီနေရာကနေ ဖြန့်ဝေပေးလိုတဲ့ သမ္မာဆန္ဒနဲ့ပါ။ ကိုယ်သိ ကိုယ်တတ် ကိုယ်ပိုင်ဆိုင်ထားသမျှအရာအားလုံးဟာ ကိုယ်လက်ထဲဆုပ်ကိုင်ထားရုံနဲ့ အကျိုးမများသေးဘူးဆိုတာ နားလည်သဘောပေါက်လာတဲ့အတွက် လက်ကိုဖြန့်ပြီး ဆန့်နိုင်သမျှ ဆန့်ထုပ်လိုက်တယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။           

ဘလော့ရဲ့အမည်ကို မဟာသိမ်တော်ကျောင်းတိုက်လို့အမည်ပေးထားပေမဲ့ လောလောဆယ်မှာတော့
စာရေးသူဟာ မပြီးဆုံးသေးတဲ့ ပညာရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနေတဲ့ 
အတွက် ကျောင်းတိုက်ရဲ့ နောက်ခံသမိုင်းကြောင်း၊ လုပ်ဆောင်ချက်ပုံရိပ်နဲ့ အနာဂတ်ရည်မှန်းချက်တွေကို အကျယ်တ၀င့်မဖေါ်ပြနိုင်သေးပါဘူး။ အခုတော့ စာရေးသူရဲ့ ဓမ္မအသိလေးတွေကို ဖြန့်ဝေရင်း မဟာသိမ်တော်ကျောင်းတိုက် ဆိုတဲ့ဘလော့ကို စတင်ဖွင့်လှစ်လိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်

စာရေးသူ
(မဟာသိမ်တော်ကျောင်းတိုက်)