တကယ်တော့ သံယောဇဉ် ဖြတ်တယ်ဆိုတာ လွယ်လွယ်လေးပါ
ကိုယ်စွဲလန်းနှစ်သက်တန်ဖိုးထားပြီး မြတ်နိုးတွယ်တာနေတဲ့ အရာဝတ္ထုရဲ့ အပြစ်ကို
များများမြင်အောင်ကြည့်ပါ၊ မြင်ပြီးရင် အဖန်ဖန်အထပ်ထပ်နှလုံးသွင်းပါ
ဒါဆို အရာဝတ္ထုအပေါ် စွဲလန်းမှုနည်းပါးလာပြီး ကြာရင်သံယောဇဉ်ပြတ်ပါလိမ့်မယ်။
အဲဒီလိုပဲ....သံသရာမှာ အကြိမ်ကြိမ်အဖန်ဖန် ပုံစံမျိုးစုံနဲ့ဖြစ်ပေါ်နေရတဲ့
ဒီခန္ဓာကိုယ်ကြီးကို တကယ်ငြီးငွေ့ပြီး အဟုတ်မလိုချင်တော့ဘူးဆိုရင်
ခန္ဓာကိုယ်ရဲ့အပြစ်တွေကို များများမြင်အောင်လုပ်ပါ
မြင်ပြီးရင် အဖန်ဖန်အထပ်ထပ်ပွားများပါ
ဒါဆို ခန္ဓာကိုယ်အပေါ် တက်မက်မှု လိုချင်မှု နည်းပါးလာပါလိမ့်မယ်
ပြီးတော့ သံသရာပြတ်ကြောင်း၊ သံယောဇဉ်ပြတ်ကြောင်းတွေပိုပြီး လုပ်ဖြစ်လာပါလိမ့်မယ်
နည်းစနစ်ကတော့ ဘုရားရှင်တိုင်း ဟောကြားတဲ့ (32) ကောဌာသကမ္မဌာန်းပွားများဖို့ပါပဲ
0 မှတ်ချက်များ:
Post a Comment