တစ်နေ၀င်လျက် တစ်နေထွက် နေ့ရက်နာရီကုန်ခဲ့ပြီ။
နာရီတွေရက်တွေနောင်း၊ လပေါင်းဆင့်ဆင့်တက်ခဲ့ပြီ။
လပေါင်းခုတွေ၊ ကုန်လွန်စေ၊ သစ်ဝေတစ်နှစ်ဆန်းတော့မည်။
တစ်နှစ်ဆန်းလျှင်၊ ငါ့အသွင်၊ တွင်တွင်ဆန်းစစ်ကြည့်သင့်ပြီ။
တစ်နှစ်တာတွင်၊ မဆင်ခြင်၊ ပျော်ချင်သမျှ ပျော်ခဲ့သည်။
တစ်နှစ်တာတွင်၊ မဆင်ခြင်၊ မော်ချင်သမျှ မော်ခဲ့သည်။
အရွယ်ချင့်သော်၊ တော်သင့်နော်၊ ပျော်မော်အကြွား နားသင့်ပြီ။
ပျော်မော်မကင်း၊ မေ့လျော့လျှင်း၊ သေမင့်ငါ့ကို ညှင်းတော့မည်။
သေမင်းလက်တွင်၊ မရောက်ခင်က၊ ကြိုတင်စဉ်းစား မြတ်တရား ကြိုးစားသင့်လှသည်။
0 မှတ်ချက်များ:
Post a Comment